နိုင်ငံတစ်နိုင်ငံရဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာကြီးက စာရွတ်တစ်ရွတ်ကိုင်ပြီးကျောင်သားတွေကိုကြေငြာလိုက်တယ်။
ကျောင်းအုပ်ကြီး - “ နိုင်ငံတော်ကနေပြီး လာမယ့်အင်္ဂါနေ့ကို စာပေလေ့လာရေး Holiday အဖြစ်သက်မှတ်ပေးလိုက်တယ် ဒါ့ကြောင့်လာမယ့်အင်္ဂါနေ့ ကျောင်းပိတ်တယ်။”
(မင်္ဂလာညနေခင်း) (RD)
Monday, May 24, 2010
သတ္တိ
"Courage is not being fearless. It is being fearful but doing it anyway."
စာဖတ်ရင်းနဲ့ ဒီစာသားလေးသွားတွေ့လိုက်တယ်။ စဉ်းစားလေလေ အဓိပ္ပါယ်ရှိလေလေပဲ။ လူတော်တော်များများထင်တာက လုပ်ရဲကိုင်ရဲ သတ်ရဲဖြတ်ရဲတာ သတ္တိလို့ထင်တယ်။ တကယ်တော့အဲတာ သတ္တိအစစ်မဟုတ်ပါဘူး၊ အကြောက်အလန့်မရှိတာ သတ္တိမဟုတ်ဘူး။ သတ္တိရှိတယ်ဆိုတာ မကောင်းမှုလုပ်ရမှာတော့ကြောက်တယ် ဒါပေမယ့် အမှန်တရားအတွက် အများအကြိုးအတွက်ဆို ဘာပဲဖြစ်ဖြစ်၊သေပဲသေသေ နောက်မဆုတ်ဘူး မဖြစ်ဖြစ်အောက်လုပ်မယ်ဆိုတဲ့စိတ်ဟာသတ္တိအစစ်ပါပဲ။ အမှန်တရားဆိုလက်ပိုက်မကြည့်၊ အများအတွက်ဆိုလက်မနှေးသူ သာလျှင်တကဲ့သူရဲကောင်း၊ သတ္တိရှိသူလို့ကျန်ုပ်တော့ထင်တယ်။
သတ္တိနည်းသူဆိုတာ ကိုရှေ့ မှာ မတရားမှုတစ်ခုတွေ့တယ်ဆိုပါဆို့ အမှန်တရားဘက်က၀င်မရပ်ရဲဘူး ကိုယ်နဲ့မှမဆိုင်တာဆိုပြီး နေနေလိုက်တဲ့သူမျိုးကိုခေါ်တာ။ အဲဒီလိုလူမျိုးက သတ္တိနည်းရုံမကဘူး လူမိုက်အားပေး ဖြစ်သွားရော။
ကိုယ်ရှေ့ မှာလိမ်နေတာတွေ့ရင် ၀င်ပြောရမယ်။ ခိုးနေတာတွေ့ရင် ၀င်ရှင်းရမယ်။ တဖက်လူကအားသာနေလဲ ကြောက်ကြောက်နဲ့ ဘာပဲဖြစ်ဖြစ်ဝင်လုပ်ရမှာပဲ ဒါမှလူနဲ့တူမှာ၊ သူရဲဘောကြောင်သူ မဟုတ်မှာ။ ကိုမနိုင်နိုင်လဲ နိုင်တဲ့ဘက်က ၀င်လုပ်ရမှာပဲ။
လူ့ဘ၀မှာ သတ္တိရှိရှိ မှန်မှန်ကန်ကန် နေသွားနိုင်မှ အနည်းဆုံးလူဖြစ်ရတာ တစ်မျိုးတန်သွားမှာ။
(မင်္ဂလာညနေခင်း)

Labels:
အရူးလွယ်အိပ်
Sunday, May 23, 2010
ဆင်းရဲခြင်း
Subscribe to:
Posts (Atom)