Wednesday, July 7, 2010

အိမ်အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း။

အိမ်ရှေ့ပန်းခင်း၊ ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော၊ ဆိုဖာချောနှင့်
အံ့ဩ ရင်မ၊ ဗန်းပြ လှလည်း
စိတ်က မောဟ၊ လက်က လောဘ
နှုတ်က မာန၊ ထားတတ်ကြမူ
အတ္တကိုယ်ကျိုး ထိုအိမ်မျိုး။

အိမ်နောက်စိုက်ခင်း ၊ စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်၊ လေနေဝင်နှင့်
အားအင်မျှတ၊ ဗန်းမလှလည်း
စိတ်ကမေတ္တာ၊ လက်မှာ စာဂ
နှုတ်က ဖြောင့်ရိုး၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး ။ ။
(ဇော်ဂျီ)

No comments:

Post a Comment