Friday, June 4, 2010

e-break

     ကျွန်ုပ်တို့အလုပ်တွေမှာ
အလုပ်လုပ်ချိန်အတွင်း 
အလုပ်သမားတွေဆက်တိုက်
အလုပ်လုပ်ပါက
ပျင်းရိလာတတ်ကြပါတယ်။
ဒါ့ကြောင့်အနားပေးတဲ့အနေနဲ့ မိနစ်၂၀ လောက် tea break ပေးလေ့ရှိပါတယ်။ အဲဒီလိုပဲ ကျွန်ုပ်တို့အလုပ်ဆက်တိုက်လုပ်ပါက အာရုံစုစည်းမှုတွေအားနဲလာတတ်ကြပါတယ်။ ဒီအချိန်မှာ Internet ပေါ်မှာ ကိုယ်စိတ်ဝင်စားရာလေးတွေကို မိနစ်၂၀လောက်ရှာဖွေကြည့်ရှုသင့်ပါတယ်။ အဲဒီအချိန်လေးကို e-break လို့သတ်မှတ်ပေးရင်ဖြင့် ကျွန်ုပ်ညီအကို မောင်နှမတွေအနေနဲ့ စိတ်ဆိုးလိမ့်မှာမဟုတ်ဘူးလို့ထင်ပါတယ်။
     ဒီအတွက် Melbourne University က လေ့လာရှာဖွေတွေ့ရှိချက်တွေရှိပါတယ်။ Internet ကိုအလုပ်လုပ်ရင်း အချိန်ခဏယူပြီး ကိုယ်စိတ်ဝင်စားရာ ရှာဖွေကြည့်ရှုခြင်းသည် လူ့တွေရဲ့အာရုံကိုပိုမိုစုစည်းနိုင်ရုံသာမက ထုတ်လုပ်မှုစွမ်းရည်ကိုလည်းတိုးတက်စေပါတယ်လို့ဆိုပါတယ်။ နောက်ပြီး Dr Brent Coker (University's Department of Management and Marketing) က Internet ဟာလူတွေရဲ့စိတ်အာရုံကိုမိနစ်၂၀ အတွင်းပြန်လည်စုစည်းအောင်လုပ်နိုင်တဲ့ကုသနည်းတစ်ခုပါလို့ဆိုပြန်ပါတယ်။ ဒါ့ကြောင့်ကျွန်ုပ်တို့ အလုပ်လုပ်ရင်း စိတ်စုစည်းမှုနဲနေပြီ၊ စိတ်ဝင်စာမှုနဲနေပြီဆိုရင်တော့ Internet ထဲကို မိနစ်၂၀ လောက် သူဌေးအချိန်ထဲကနေပြီး အလည်ထွက်လိုက်ကြရအောင်လားဗျာ။
(မင်္ဂလာညနေခင်း) RD

No comments:

Post a Comment