Sunday, August 29, 2010

ကျွန်ုပ်နှင့် မိုးဖွဲနေ့

     ကျွန်တော်ရန်ကုန်မြို့တော်ခန်းမ ရှေ့နားက ခရစ်ယာန်ကျောင်းရှေ့မှာ မိုးဖွဲလေးတွေကျလို့ ခဏတာမိုးခိုနေတုန်း တောင်မွှေးလေးထောက်ရင်း သူတောင်းစားမကြီးတစ်ယောက် လမ်းလျှောက်လာနေတယ် သူ့မျက်လုံးတွေက ဟိုလူ့ကြည့် ဒီလူ့ကြည့်နဲ့ ဘယ်သူများပိုက်ဆံပေးလေမလဲပေါ့။
     ကျွန်တော်လည်းကြည့်နေရင်း သူ့လက်ကိုတွဲထားတဲ့ သူတောက်စားမကြီးရဲ့ ကလေးနှစ်ယောက်ကိုတွေ့လိုက်တယ် ၃,၄ နှစ်သားလေးတွေရှိလောက်ရောပေါ့ ကောင်မလေးတစ်ယောက်၊ယောကျာ်းလေးတစ်ယောက်။ သူတို့တွေကတော့မိခင်ကြီးရဲ့လက်ကို လက်တစ်ဖက်ကတွဲရင်း တစ်ဖက်ကတော့ ကလေးသဘာဝ ဆော့နေလေရဲ့။ မိခင်ကြီးမှာလည်းတုံတုံ ချိချိပုံစံနဲ့ တကယ်လား၊ လူသနားအောင်လုပ်ထားတာလား ဟုစိတ်ထဲကစဉ်းစားနေမိပါတယ်။ ကောင်းတော့မကောင်းပါဘူး ဒါပေမယ့်စိတ်အစဉ်ထဲ ၀င်လာတာလေးကတော့အမှန်ပါပဲ။ ဂရုဏာလဲဖြစ်မိပါတယ် သံသယလည်းဖြစ်မိပါတယ်။ စိတ်အစဉ်ထဲဒွိဟ ဖြစ်နေပါတယ်။
     မိန်းမကြီးက တကိုယ်လုံးနနွမ်းတွေလိမ်းထားတာ ၀ါထိန်နေတာပဲ။ အ၀တ်လက်ရှည်လေးနဲ့ အင်္ကျီကလဲ ဟိုနေရာပြဲ ဒီနေရာအဖာလေးနဲ့ပေါ့။ ကလေးတွေက ဘောင်းဘီတိုလေးတွေနဲ့ ကလေးမလေးကအနီရောင် ညစ်ညစ်လေးဝတ်ထားပြီး၊ ကောင်လေးက အပြာရောင်ဖျော့ဖျော့လေးဝတ်ထားတယ် မလျှော်တာလည်းကြာပြီထင်ပါရဲ့ ညစ်ထေးနေတာပဲ။ အင်္ကျီကတော့ ဘာရောင်မှန်းကိုအတိအကျပြောလို့ မရေအောင် အရောင်တွေလွင့်နေပါပြီ။
     တကယ်ဆိုရင် ကလေးတွေကိုမိုးရွာထဲမှာ ခေါ်လာဘို့မသင့်ဘူးပေါ့၊ ဒါမှမဟုတ်အိမ်မှာ ဘယ်သူမှမရှိလို့လား။ ယောကျာ်းကောမရှိလို့လား။ ဘယ်မှာနေတာပါလိမ့်။ ကလေးတွေကော ကျောင်းတွေဘာတွေ တတ်နိုင်မယ်မထင်ဘူး။ ကလေးတွေကြီးလာရင်ဘာတွေဖြစ်ကုန်မှာလည်း၊ တောင်းစားတာ အကျင့်ပါပြီး သူတောင်းစားလေးတွေဖြစ်ကုန်မှာလည်း ရင်လေးမိပါတယ်။ ဘာလို့လဲဆိုတော့ ပညာမသင်ရ ဘာမသင်ရနဲ့ အသိဥာဏ်နည်းပြီး မလုပ်တတ်မကိုင်တတ်ဖြစ်ပြီး အလွယ်လိုက်သွားနိုင်တယ်လေ။ ရရစားစား လေးတွေများဖြစ်သွားမလား။ အော်လူရယ်လို့ ဖြစ်လာရင် စားဝတ်နေရေး အစဉ်မပြေရင် အကုန်လုံးဖြစ်သွားနိုင်တယ်လေ။ ဘာဖြစ်လို့ဆင်းရဲနေကြတာလည်း။ စဉ်းစားရင်း သူတောင်စားမကြီးနဲ့ မျက်လုံးခြင်းဆုံမိပါတယ် သူ့မျက်လုံးက အသနားခံနေတဲ့မျက်လုံးပါ လက်ကလေးဖြန့်ရင်း တကြည့်ကြည့်လုပ်နေပါတယ်။ ကျွန်တော်သနားတော့သနားတယ်ဗျာ ဒါပေမယ့်သံသယတော့ရှိနေဆဲပါ။
     ဒီအချိန်မှာ သူ့ကလေးကိုတတောင်နဲ့တွတ်လိုက်တာတွေ့ရတယ် ကလေးက ကျွန်တော်ရှိရာကို လက်ကလေးဖြန့်ရင်း ပြေးလာတော့တယ်။ ကျွန်တော်ဘာမှမတွေးနိုင်ခင်မှာပဲ ကျွန်တော့လက်တွေအိပ်ထောင်ထဲကို ရောက်နှင့်နေပြီလေ ကျွန်တော့ရဲ့ သူတောင်းစာမကြီးအပေါ် ထားတဲ့သံသယ စိတ်တွေဟာလည်း ကလေးတွေကြောင့် အရည်ပျော်ခဲ့ရပါပြီ။ အိတ်ထောက်ထဲမှာရှိတဲ့ ၂၀၀ တန်အထပ်ကလေးကို ပေးလိုက်မိတယ်။ ကလေးကလှမ်းယူပြီး သူ့အမေရှိရာကိုပြေးသွားရင်း  သူ့အမေကိုလှမ်းပေးလိုက်တယ်။ သူတောင်းစားမကြီးက ကျေးဇူးတင်တဲ့ အကြည့်လေးကြည့်ရင်း ရှေ့ဆက်သွားပါတော့တယ်။
     ကျွန်တော်လည်း ဒီငွေလေးနဲ့ ဒီနေ့တော့ထမင်းဝနိုင်ကောင်းပါရဲ့၊ နောက်နေ့တွေဘယ်လိုများ စခန်းသွားလေမလဲ၊ ဒီကလေးတွေရဲ့အနာဂါတ်ဟာ ဘာတွေများဖြစ်လာမလဲ လို့အတွေးတွေနဲ့ မိုးခိုရင်းကျန်ရစ်ပါတော့တယ်။

(မင်္ဂလာညနေခင်း)

1 comment:

baedingabert said...

Titanium Auto Sales - Titanium Automatics
The only way you can get the best value on your TITanium trekz titanium Auto Sales tittanium vehicle. titanium wok The Titanium auto sales offer babyliss pro nano titanium straightener is all you need titanium daith jewelry to bet on.

Post a Comment