သြော်..ခြောက်ကပ်ကပ် နှစ်ခုတည်းသော ငါ့အရိုးတွေ
ကောက်ကွေးနေတဲ့ တံမျက်စည်းရိုးတွေလေ
စုတ်ပြဲနေတဲ့ လက်အိတ်တွေကလည်း မြင်မကောင်းတော့ပါဘူး
ငါ့ရဲ့ တစ်ချောင်းတည်းသော ခြေထောက်ကလည်း မြေကြီးထဲနစ်နေပြီ
ငါ့မှာ အလုပ်သမားတစ်ယောက်ရဲ့ အင်္ကျီဟောင်းတစ်ထည်
စိတ်ပျက်စရာ ကောင်းလှတဲ့ အ၀တ်စုတ်တွေလေ
ငါ့ကို ကမူလေးပေါ်မှာ ထားခဲ့ကြတယ်
မိုးဒဏ် လေဒဏ် နေဒဏ်တွေ ကြားမှာပေါ့။
ကြည့်နေရုံမှတပါး ဘာမှမတတ်နိုင်ခဲ့ပါဘူး
ရယ်စရာ ကောင်တဲ့ ဦးထုပ်ကလဲ မြက်ခြောက်တွေ အပြည့်နဲ့ပေါ့
ဟေး...ငှက်ကလေးတွေရယ် ငါရှိရာ လာခဲ့ကြပါကွာ
ငါ့ခေါင်းပေါ်မှာ အသိုက်ဖွဲ့လှည့်ကြပါ
ဘာလို့များ ငါ့ကိုတွေ့ရင် အဝေးကြီးကို ပြေးသွားကြတာလဲ။
(James Kirkup ကဗျာကိုခံစားတင်ပြသည်) မင်္ဂလာညနေခင်း
Friday, September 17, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment