Monday, August 27, 2012
ရွှေပြည်ထောင်မှ လူငယ်များသို့
ဒီနေ့အလုပ်ကပြန်လာပြီး ထမင်းစားရင်း TV ဖွင့်လိုက်တော့ Singapore အမျိုးသားနေ့အတွက် ၀န်ကြီးချုပ် Lee Hsien Loong ကမိန့်ခွန်းပြောနေပါပြီ။ ဒါနဲ့ ဘာတွေများပြောမလဲလို့ လေ့လာတဲ့အနေနဲ့ ဆက်နားထောင်လိုက်တယ်။
အကြမ်းအားဖြင့် သူ့နိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေးတွေ ဘယ်လိုဖော်ဆောင်နေတယ်၊ ဘယ်လောက်ရင်နှီးမြှုပ်နှံထားတယ်၊ ရလက်တွေကတော့ ဘာတွေ၊ ဘယ်လောက်အချိန်ယူမယ် ဆိုတာကို နှစ်အလိုက်ရှင်းပြတယ်။ စိတ်ထဲ တွေးလိုက်တယ် တယ်စည်းစနစ် ကြတဲ့ ပုဂ္ဂိုလ်ပဲလို့။ သူက ဘလိုင်းကြီးမပြောဘူး၊ နှစ်အလိုက် လုပ်မှုနဲ့ ရလဒ်တွေကို အမြဲတွဲပြောတယ်၊ အရေအတွက်တွေနဲ့ ပြောတယ်။ ဒါကိုယ့်နိုင်ငံဖော်ဆောင်ရေးမှာ အတုယူစရာပဲလေ။
နောက်စီးပွားရေးတွေ ဘယ်လို နှစ်စဉ်တိုးတက်လာပြီ ဆိုတာနဲ့၊ ဘယ်လို အလုပ်တွေကို ဖော်ဆောင်နေတယ်ဆိုတာတွေ။ Singapore ရဲ့ နှစ်တွေကို ပုံတွေနဲ့ တိုးတက်မှုတွေကိုဖော်ဆောင်ပြသွားတယ်။ အလုပ်အကိုင် တွေကိုလဲဘယ်လိုစီစဉ်တယ်ဆိုတာတွေကော အတော်စုံပါတယ်။နောက် အခွန်နဲ့၊ ရင်နှီးမြှုပ်နှံမှုတွေ အကြောင်းလည်းပြောသွားသေးတယ်။ ကျန်းမာရေးအတွက် ဆေးရုံနဲ့၊ ဆေးခန်းတွေ ဘယ်လို Arrange လုပ်ထားတယ်ဆိုတာတွေလဲ ပါပါတယ်။ နိုင်ငံသားတွေ မိသားစုတိုင်း အိမ်ပိုင်ဆိုင်နိုင်အောင်ဆိုတဲ့ အစီအစဉ်လေးကလဲ လေးစား အားကြစရာပါ။ ကျွန်းလေး လက်တောက်လောက်ကို မြေတွေဖို့ပြီး ဘာတွေဆောက်နေတယ်ဆိုတာကို Slide Show နဲ့ပြသွားတာကလဲ ရင်သပ်ရှုမောစရာပါပဲ။
ထားပါတော့လေ ဒီမှာပြောခြင်တာလေးက သူ့နိုင်ငံရဲ့ ပညာရေးပဲ ခုသူ့နိုင်ငံမှာ NUS(National University of Singapore) တို့လို NTU (Nanyang Technological University) တွေလို့ ကမ္ဘာ့အဆင့်မှီ University တွေရှိနေတာတောင် ပညာရေးကို ဒါ့ထက်မြှင့်ဖို့ ထပ်ခါထပ်ခါပြောနေတယ်။ SMU, SIM စတဲ့နံမည်ကြီးကျောင်းတွေကလည်း ဒုနဲ့ဒေးပါပဲ။ Polytechnic တို့လိုကျောင်းတွေကလဲ အများကြီးရှိတယ်။ သူ့နိုင်ငံရဲ့ Technology ကို အရေအတွက်အားဖြင့် နှစ်စဉ် ပြည်တွင်း၊ ပြည်ပ Engineer ကျောင်းသားပေါင်း ဘယ်လောက်ထုတ်တယ်ဆိုတာကို တင်ပြသွားတယ်။ ဒါကတော့ မဆန်းပါဘူးလို့စိတ်ကတွေးတယ် တို့တိုင်းပြည်လည်းနှစ်စဉ် ထုတ်နိုင်တာပဲ။ အယ်..သူက ဒါတင်ရပ်မနေဘူး Quality ကိုစပြောလာတယ် ဥရောပက Professor တွေရှိတဲ့ အကြောင်းတွေလဲပါတယ်၊ ဒါတွေ ကိုယ့်နိုင်ငံအတွက် အလေးထားစရာတွေပါ၊ နိုင်ငံက Engineering Student တွေ နှစ်စဉ် နိုင်ငံခြား Robot ပြိုင်ပွဲတွေမှာ Metal တွေဘယ်လောက်တိုးလာတယ်ဆိုတာနဲ့ နိုင်ငံတကာ Math ပြိုင်ပွဲတွေမှာ ဆုတွေရခဲ့တယ်ဆိုတာတွေကို အရည်၊ အသွေးတွေ ဘယ်လောက်ကောင်းလာ တယ်ဆိုပြသွားတယ်။ နောက်ထပ် ပညာရေးကို လူကြီးရော၊ လူငယ်ရော ဘယ်လို့မြှင့်တင်သွားအုံးမယ်ဆိုတာ တွေကိုလဲပြောတယ်၊ အိမ်ထောင်သည်တွေတောင် Master ကျောင်းတွေဆက်တက်ဖို့ တိုက်တွန်းသွားသေးတယ်။ လူငယ်တွေကိုတော့ ပြောမနေနဲ့ Scholarship တွေလဲအများကြီးပေးထားကြောင်းပြောတယ်။ နားထောင်ရင်း ဒီပုဂ္ဂိုလ်ကို တော်တော်လေးစားသွားတယ်။ သူတကယ်သိတယ် နိုင်ငံတိုးတက်ဖို့ ဘာအဓိကဆိုတာ။ Technology, Technology တဲ့ပါးစပ်ကကိုမချဘူး ပြောသွားတာ။ လုပ်ပုံသိပ်ကောင်းတယ်၊ ဒါကြောင့်လည်း ပညာတတ်တွေ ထွက်လာတာ မဆန်းပါဘူး။
သူ့ပြောတာနားထောင်ရင်း စဉ်းစားမိတယ် ဒို့နိုင်ငံကြဘယ်လိုလုပ်မလဲလို့။ ခုမှစပြီး တိုးတက်ရေးလမ်းပေါ်ဆွဲခေါ်နေရတာ၊ အဲဒီတော့ လူငယ်တွေက ဘာလုပ်ရမလဲ၊ နည်းနည်းတော့ပင်ပန်းမယ်။ ကိုယ့်ဟာကိုယ် ထိုးဖောက်ထွက်ရမှာပဲ၊ အထောက်အပံ့ စောင့်နေလို့မဖြစ်ဘူး။ ဆရာမကောင်းလို့၊ ပစ္စည်းကိရိယာမစုံလို့ ဆိုပြီးထိုင်နေရင် ထိုင်ပေါ့။ ပေးတာယူ၊ ကြွေးတာစား လုပ်မနေနဲ့။ အဲဒီကျွန်စိတ်ကြီး ရှိနေသရွေ့ လူမွှေးတောင်ပြောင်မှာမဟုတ်ဘူး။ (နဲနဲရင့်သီးတာ ခွင့်လွှတ်ပါ)။
လူငယ်ဆိုတာက အားမာန်တွေရှိတယ်၊ အိမ်မက်တွေရှိတယ်၊ ကမ္ဘာကြီးကို ကိုင်လှုပ်ချင်တယ် ဒါလူငယ်တွေစိတ်ပဲ လူကြီးမှာဒါတွေမရှိဘူး။ ဒါကြောင့် လူငယ်တွေ အိမ်မက်တွေ မက်ပါ။ ကံပေးသလောက်ပဲ ဆိုတာတွေ လုပ်မနေနဲ့။ ဟိုရောင်ရောင် ဒီရောင်ရောင် လုပ်မနေနဲ့။သေးသိမ်တဲ့စိတ်တွေ ဖြောက်ဖျက်ပြစ်ပါ။ အပင် အချို့က မြေကြီးကိုခွဲပြီးထွက်ကြရတယ်၊ အဲဒီလိုပဲ လူငယ်လေးတွေ မင်းတို့တွေ မြေကြီးကို ကိုယ်တိုင်ခွဲထွက်ပြီး ကောင်းကင်ရဲ့ အမြင့်ဆုံးနေရာကို ပျံသန်းကြပါတော့။ ( ကဗျာလေးပြင်ရေးမယ်.... ကျောင်းသားတံခွန် လူရည်ချွန်၊ ကောင်းကင်တမွတ် ကြယ်ကိုစွတ်လော့)
(မင်္ဂလာညနေခင်း)
Labels:
အရူးလွယ်အိပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment