Saturday, May 29, 2010

မိုးတိမ်ဘာ့ကြောင့်မဲရတယ်

     မိုးဆိုတာ ရေတွေပါ။ ရေရဲ့အရောင်ဟာ ကြည်လင်တဲ့အရောင်ရှိပါတယ်။ မိုးတိမ်ဆိုတာ ရေတွေနဲ့ဖွဲ့စည်းထားတာပါ။ဒါ့ကြောင့် မိုးတိမ်တွေဟာကြည်လင်သင့်ပါတယ်။ ယုတ္တိ နည်းအရတွေးရင် မိုးတိမ်တွေဟာကြည်လင်ရမှာအမှန်ပါ။ ဒါပေမယ့် လူတိုင်းသိပါတယ်၊ မြင်ဘူးကြပါတယ် တကယ့်ရွာခါနီးမိုးတိမ်တွေဟာအမဲရောင်ဖြစ်နေကြပါတယ်။ ဘာကြောင့်လဲ ? ။
     တိမ်ထဲမှာရှိတဲ့ ရေအမှုန်အမွှားတွေဟာသေးငယ်စဉ်ကာလအတွင်းမှာ အလင်းရောင်တန်ပြန်မှုများပါတယ်၊ ဒါကြောင်လူတွေဟာ အဖြူရောင်လို့မြင်ရတာပါ။ ဒါပေမယ့် ရေအမှုန်အမွှာတွေကြီးလာပြီ မိုးရွာချနိုင်လောက်ပြီဆိုရင်တော့ ဒီမိုစက်တွေဟာအလင်းရောင်ကိုစုပ်ယူထားလိုက်ကြပါတယ်။ ဒီအချိန်မှာလူတွေဟာ အလင်းရောင်မြင်မှုနည်းသွားကြပြီး အမဲရောင်ကိုမြင်ကြရပါတယ်။
(မင်္ဂလာညနေခင်း) (RD)

No comments:

Post a Comment